Thursday, October 22, 2009

လူမိုက် ပညာရှိနဲ့ သူတော်စင်



စည်းမျဉ်း ဥပဒေ

Ø     အရူးတွေဟာ ဥပဒေစည်းမျဉ်းနဲ့ တန်းဖိုတွေကို သူတို့ဘာသာ သူတို့ သတ်မှတ်တယ်။

သူတို့ သတ်မှတ်ထားတဲ့ ဥပဒေ ဘောင်အတွင်းမှာ သူတို့ ကိုယ်တိုင် ပိတ်မိနေတယ်။

သူတို့ဟာ ငြင်းခုန်ကြ တိုက်ခိုက်ကြနဲ့ အချိန်တွေ ကုန် လူတွေ ပန်းဖြစ်ကာ နောက်ဆုံးရတဲ့ အကျိုး ကျေးဇူးကို ဘယ်တော့မှ ခံစားမသွားရဘူး။

 

Ø     လူတော်တွေလည်း ဥပဒေ စည်းမျဉ်းကို တည်ဆောက်တာပဲ အဲဒီ ဥပဒေ စည်းမျဉ်းတွေကို လိုက်နာ တဲ့ အကျိုးကျေးဇူးခံစားရတယ်။

သို့သော် သဘာဝ နိယာမ အရ သူတို့ရရှိထားတာတွေကို ပြန်လည်ပေးဆပ်လိုက်ကြရတယ်။

 

Ø     ပညာရှိကျတော့ သူတို့ရဲ့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် စည်းမျဉ်းဥပဒေ ချမှတ်တယ် နောက် သူတို့ရဲ့ စိတ်ကို ကြည်လင်သန့်စင်စေတယ်။

သူတို့ဟာ လွတ်မြောက်ရာ လမ်းပေါ်မှာ ရောက်နေတယ်။

ကျွန်တော်တို့ လူသားတွေရဲ့ သဘာဝကို ပြောထားတာပါပဲ။

ပုထုဖနော ဥမ္မာတ္တကောဆိုတဲ့ စကားအတိုင်း လူတွေ ရူးနေကြတယ်ဆိုရင် ငြင်းဖို့ လိုမယ်မထင်ပါဘူး။

သို့သော် ဒီလိုလူတွေဟာ အရူးသက်သက်တော့ မဟုတ်ဘူး။တော်ကြ တတ်ကြပါတယ်။ ပညာလည်း ရှိတတ်ပါတယ်။

ဒါပေမဲ့လူတွေရဲ့ ဆန္ဒတွေက သူတို့ကို မွန်းကျပ်စေကာ ထွက်ပေါက်ကို ရှာမတွေ့ဘဲနေကြတယ်။

ဆိုလိုတာကလူတွေဟာ မိမိချမှတ်တဲ့ လမ်းစဉ်ထဲမှာ ပိတ်မိနေတတ်တာကို ပြောတာပါပဲ။

ကျနော် ဒီကဗျာ တစ်ပုဒ်ကို သတိသွားရတယ်။

ကျော့ကွင်းသံသရာ

 

ဝမ်းတစ်ခု ကျောင်းဖို့ ပင့်ကူက ကွန်ယက်ကို ဖွဲ့တယ်

သူခုံမင်တာက  တုန်ခါလာမယ့် ပိုးမျှင်တို့ရဲ့သံစဉ်

သူ့ကွန်ယက်ထဲမှာ ထာဝရ ငြိနေတာ ကသူ

သူကတော့ မသိ

သူပျော်နေပုံ ပေါက်၏။

 

ဝမ်းတစ်ခု ကျောင်းဖို့

ဘုတ်မက ကျင်းကိုတူးတယ်

သူယစ်မူးတာက ပြိုကျလာမယ့် သဲလုံးများရဲ့ ဂီတ

သူ့ကျင်းထဲမှာ ထာဝရ ပိနေတာက သူ

သူကတော့ မသိ

သူပျော်နေပုံ ပေါက်၏

                   ရာဇာ

                   Soruce from The Light English

ဥပမာ ပင့်ကူတစ်ကောင်ကို ကြည့်ပါ။

ပင့်ကူဟာ ကွန်ရက်ကို ဖန်တီးတယ်။ သူ့ရဲ့ ကွန်ယက်ဟာ ပိုးကောင်လေးတွေ ဖမ်းစားဖို့ပဲ။

ကွန်ရက်မှာ ကပ်ညိတဲ့ ပိုးကောင်တွေကို ပင့်ကူက စားတာပါပဲ။

ဒါကြောင့် ကွန်ရက်ဟာ ပိုကောင်တွေ အတွက် ထောင်ချောက်ဖြစ်တယ်။

သို့သော် တစ်ဖက်က ပြန်လည်စဉ်းစားကြည့်ရင် ပင့်ကူအတွက်ကော။

ဒီထောင်ချောက်ဟာ သူ့အတွက်လည်း ပိတ်မိနေတာပဲ။

သူထွက်သွားလို့ မရဘူး။

ကွန်ရက်ဟြဟာ သူတို့ရုပ်ပိုင်းအရ ချုပ်ထားတာ မဟုတ်ူဘူး။

စိတ်ပိုင်းအရ ချုပ်ထားတာပါပဲ။

 

ဒီအတိုင်းပဲပေါ့။

လူတွေ အတွက် ကမ္ဘာကြီးဟာ အကျယ်ကြီးပါ။

မြန်မာလူမျိုးအတွက် ဆိုရင်လည်း မြန်မာပြည်ဟာ အကျယ်ကြီးပေါ့။

သို့သော် အများစုက အိုးပစ်အိမ်ပစ် မသွားရဲဘူး။

ငါ့အိမ်လေ။ ငါယာလေ။ ငါ့ပစ္စည်းဆိုတဲ့ အစွဲအလမ်းတွေနဲ့ နေကြတယ်။

သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာတွေကြောင့်မလွတ်လပ်ဘူး။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာတွေကလည်း မလွတ်လပ်ဘူး။

ငါက ဗုဒ္ဓဘာသာ၊ သူက ဟိန္ဒူ၊ သူက ခရစ်ယာန်၊ သူကတော့ဖြင့် မွတ်ဆလင်ဆိုတဲ့ အစွဲတွေနဲ့ မိမိကိုယ်မိမိချုပ်ကိုင်ထားတယ်။

သူကတော့ လူဖြူ၊ ငါက လူမည်း။ သူက လူနီ ၊ ငါက လူဝါဆိုပြီး ခွဲထားတာ အမြင်တွေ မကြည်လင်ဘူး။

လူတိုင်းမှာ (၃၂) ကောဌာသနဲ့၊ သွေးတွေ၊ အသားတွေနဲ့ တည်ဆောက်ထားတာပါ။

ရုပ်ပိုင်းတွေ၊ စိတ်ပိုင်းတွေကို မိမိတို့ဘာသာ ပိုင်းခြားကာ မိမိစည်းမျဉ်းကို မိမိချမှတ်ထားတာပါ။

လွတ်မြောက်တဲ့သူဆိုတာရှားပါတယ်။

ဗုဒ္ဓတရားတော် (The Teaching of Buddha) ထဲက လူသုံးမျိုးကို ပြောပြမယ်။

There are three kinds of people in the world.

The first are letter curved in a rock:

They easily give way to anger and,

Retains their angry thoughts for a long time.

The second are like letters written in the sand:

They give way to anger also

But this angry thoughts quietly pass away.

The third are like the letter written in running water:

They do not attain their passing thoughts:

They let abuse and uncomfortable gossip by unnoticed;

Their minds are always pure and undisturbed.

                                                          Gautama Buddha

လောက မှာလူသုံးမျိုးရှိတယ်။

ပထမ အမျိုးအစားက စိတ်ဆိုး၊ ဒေါသဖြစ်လွယ်တဲ့ အမျိုးအစားပါပဲ။

သူတို့ဟာ အဲဒီ စိတ်ဆိုးတာကို ကျောက်စာထွင်းထာ သကဲ့သို့

အချိန်တာရှည်စွာ စိတ်ထဲမှာထားတရှိတယ်။

ဒုတိယ အမျိုးအစားဟာ စိတ်ဆိုး၊ ဒေါသ ဖြစ်လွယ်တဲ့ အမျိုးအစားပါပဲ။

သူတို့ဟာ အဲဒီ စိတ်ဆိုးတာကို သဲမှာစာရေးသားသကဲ့သို့ အချိန်တာရှည်စွာ စိတ်ထဲမှာ မထားရှိကြဘူး။  တိတ်တဆိတ် နဲ့ ပြေပျောက်သွားတယ်…..။

တတိယ အမျိုးအစားက အတွေးတွေ ကို စိတ်ထဲမှာ ထားရှိခြင်း မရှိဘူး။

သူတို့ကို စော်ကားမော်ကားလုပ်တာ၊ အတင်းအဖျင်းပြောတာတို့ကို ရေထဲမှာ စာရေးသားသလို ပျောက်ပျက်သွားတာပါပဲ။

ဒါကြောင့် သူတို့ရဲ့စိတ်ဟာ အမြဲတစေ သန့်ရှင်းစင်ကြယ်နေပြီး ဘာအနှောင့်အယှက် မှလည်းမရှိဘူး။

ဒါဟာ လူမိုက်၊ ပညာရှိနဲ့ သူတော်စင် တို့ကို ညွှန်းထားတယ်လို့ ယူဆနိုင်တယ်။

ဗုဒ္ဓအဆုံးအမ လေးနက်ပုံကို မြင်တွေ့နိုင်တယ်။

သာမန်လူသားတွေ အတွက် ပညာရှိ ဟာ အမြင့်ဆုံးလို့ ယူဆရပေမဲ့ တကယ်တန်း မှာ သူတော်စင်ဟာ အမြင့်မြတ်ဆုံးပါ။

သူတော်စင်တွေရဲ့ သန့်စင်မူကို အလေးအနက် ပြုထားတယ်။

သူတို့ဟာ လွတ်မြောက်နေတယ်။ ဘာကိုမှ ချည်နှောင်းခြင်းမခံရတော့ဘူး။

ဘယ်ဟာ အကောင်းဆုံးလဲဆိုတာကို ချင့်ချိန်ဆုံးဖြတ်ပါ။

                                                ဒေါက်တာ ခင်မောင်ညို

Source form The Best English

Posted by Shan Lay Twaye ­____www.allrathashanlaytwaey.co.cc______

The Best English မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ် ကျနော် ကြိုက်လို့ ကျနော်သူငယ်ချင်းများကို ဖတ်မှတ်လို့ ရအောင် ဖော်ပြပေးထားပါတယ်။

ကဲ့သူငယ်ချင်းများ ပင့်ကူ တစ်ကောင်တော့ မဖြစ်စေခြင်းဘူးဗျာ……….ရုန်းထွက်လိုက်စမ်းပါ……။။။။

 


1 comments:

ခြေလှမ်းသစ် said...

မှန်လိုက်တာ ကိုရှမ်းကလေးရယ် ... လူတွေဟာ မိမိတို့ သတ်မှတ်ထားတာတွေနဲ့ မိမိတို့ ကိုယ်ကို ပြန်လည်ရစ် ပတ်နေတာတွေကို မသိချင်ယောင် ဆောင်နေတတ်ကြတယ် ...

 

©2009 Shan Lay Twaye | by TNB