Monday, January 25, 2010

ခိုင်မာသော စိတ်ကူး အိပ်မက်များဖြစ် ဘ၀ကို အနိုင်ယူပါ


လူတိုင်းမှာ သူတို့ရဲ့ စိတ်ကူး အိပ်မက်တွေ ရှိပါတယ်။ ဒါတွေကို တကယ်တမ်း ဖြစ်ချင်တယ်ဆိုရင် အကောင် အထည် ဖော်နိုင်ဖို့ဆိုတာ သိပ်တော့ မခက်ခဲလှပါဘူး။ အဓိကက ကိုယ်ဘာလုပ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ သိဖို့ပါပဲ။ ကိုယ့်ရဲ့ စိတ်ကူး အိပ်မက်တွေကို အောင်မြင်အောင် လုပ်ဆောင် နိုင်မယ့် အခြေခံအုတ်မြစ်တွေ ရှိပါတယ်။

ဒါတွေကတော့ ကိုယ်ရဲ့ စိတ်ကူးတွေကို အကြွင်းမဲ့ ယုံကြည်နေဖို့၊ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ စိတ်အား ထက်သန်မူတွေကို တွန်းအားဖြစ်စေတဲ့ အရာ တွေ ရှိဖို့နဲ့ အလုပ်ကို အပတ်တကုပ်ကြိုးစားအားထုတ်ဖို့လိုပါတယ်။

နည်းလမ်း (၁)

ကိုယ်ဘာလုပ်ချင်တာလဲဆိုတာ သိဖို့

ပထမ ကိုယ်ဖြစ်ချင်တာတွေကို ဆက်စပ် စဉ်းစားကြည့်ပါ။ ဘာလုပ်ချင်တာလဲ၊ ဘာပိုင်ဆိုင် ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ စတဲ့ မေးခွန်းလေးတွေကို ကိုယ်ကိုယ့်ကို ပြန်မေး ကြည့်လိုက်ပါ။ ဒါဆို ကိုယ်အဖြစ်ချင်ဆုံး အရာဟာ ဘာလဲ ဆိုတာ အဖြေထွက်လာမှာပါ။ ဒီလို လုပ်ရတာ တကယ်တော့ လူတော်တော်များများရဲ့ စိတ်ကူးအိပ်မက်တွေဟာ ဟိုစပ်စပ် ဒီစပ်စပ် မရေမရာဖြစ်နေတတ်တာကြောင့်ပါ။

တချို့က ဖြစ်ချင်တယ်ဆိုတာသာ ရှိတာ ဒါနဲ့ ပတ်သက်လို့ သူတို့ရဲ့ အသေးစိတ် စိတ်ကူး အိုင်ဒီယာကို မေးကြည့်လိုက်ရင် မသဲမကွဲ မရေမရာ ဖြစ်တတ်ပါတယ်။ ဒါက သူတို့ရဲ့စိတ်ကူး အိပ်မက်တွေကို သေချာ နားမလည် သေးဘူးဆိုတာ ပြနေပါတယ်။

ဒါမျိုးတွေ မဖြစ်ရအောင် ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ စိတ်ကူးတွေကို သေသေချာချာ ခွဲခြမ်း စိတ်ဖြာကြည့်လိုက်ပါ။ လုပ်နေတဲ့ကြားထဲက ကိုယ့်စိတ်ကူး ဘာဆိုတာတိတိကျကျ မသိသေးရင် စိတ်မပူလိုက်ပါနဲ့ဦး။

အောက်က မေးခွန်းတွေကို သေချာ စဉ်းစားပြီးဖြေကြည့်လိုက်ပါ။

· ကိုယ်ရဲ့ စိတ်ကူး အိပ်မက်တွေက ဘာတွေ ဖြစ်မလဲ။

· ကိုယ့်ရဲ့ ဘ၀ ကိုလွှမ်း မိုးထားတဲ့အရာတွေက ဘာတွေလဲ။

· ကိုယ့်ရဲ့ ဘ၀မှာ အယုံကြည်ဆုံး အရာက ဘာဖြစ်မလဲ။

· ဘယ်အရာတွေက ကိုယ့်ကို ပျော်ရွှင်မူ ပေးနိုင်လဲ။

· ကိုယ်ဟာ ဘယ်လို လူစားမျိုးလဲ

· တစ်နေ့တာ အချိန်တွေကို ဘယ်လို ကုန်ဆုံးလေ့ ရှိလဲ။

· ဘယ်နေရာမျိုးမှာ နေထိုင်ရတာ အနှစ်သက်ဆုံးလဲ။

· ကိုယ့်ရဲ့ ဘေးနားမှာ ဘယ်သူတွေကို ရှိနေစေချင်လဲ။

စတဲ့မေးခွန်းတွေကို သေချာ ဖြေကြည့်လိုက်ပါ။

သေချာ စဉ်းစားပြီးမှဖြေပါ…..

ဒါပြင့် ကိုယ့်ကိုယ်ကို နားလည်ဖို့ အားပေးဖို့၊ ထိန်းကျောင်းတတ်ဖို့တော့ လိုတယ်နော်။ ကိုယ့်စိတ်ကူးတွေအကောင်အထည် ဖော်လာနိုင်ပြီဆိုရင်လည်း ဒါကို တည့်တံအောင် လုပ်ဆောင် သွားဖို့နဲ့ အချိန်ကို တန်းဖို့ရှိစွာ အသုံးချတတ်ဖို့ကို နားလည်လာပါလိမ့်မယ်။

ကိုယ်ဟာ လက်ဝတ်ရတနာ ဒီဇိုင်နာ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် တော့ ရတနာ ပုံစံ အမျိုး မျိုး လုပ်တတ်အောင် သင်ယူထားပါ။

အဲဒါမှ မဟုတ် ကဗျာ ဆရာ ဖြစ်ချင်တယ်ဆိုရင်တော့ ကဗျာ တောထဲမှာ မျောနေရမှာပဲလေ။ ကိုယ်ရေးထားတဲ့ ကဗျာကို ဘယ်တိုက်ကနေ ထုတ်ချင်တယ်၊ ပထမဆုံး စာအုပ်အဖုံးကို ဘယ်လို လူစိတ်ဝင်စားအောင် လုပ်လိုက်မယ် ၊ ကိုယ်ရဲ့စာအုပ်ပေါ်မှာ လက်မှတ်ထိုးပေးနေတဲ့ စတာတွေ အထိ တွေးပြီးအစီအစဉ် ဆွဲချလိုက်ပါ။

ကိုယ်ဟာ ပရဟိတ လုပ်ငန်းတွေကို စိတ်ဝင်စားလုပ်ဆောင်ချင်တယ်အမှန်တကယ်လိုအပ်နေတဲ့ လုပ်ငန်းတွေမှာ စိတ်နှစ်မြှပ်ပြီး လုပ်ကြည့်လိုက်ပါ။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ ရှာဖွေ ဖော်ထုတ်ရင်းနဲ့ပေါ့။

နည်းလမ်း (၂)

ဖြစ်ချင်တဲ့ စိတ်ကူး အတွက် အစီအစဉ်ဆွဲပါ

တဖြည်းဖြည်း ရင့်ကျက်လာတာနဲ့ အမျှ စိတ်ကူး အိပ်မက်တွေဟာလည်း ပြောင်းလဲ သွားတတ်ပါတယ်။ အကောင်အထည်မဖော်နိုင်သေးသရွေ့တော့ ထပ်ကာ တလဲလဲ ပြန်ဆွဲနေရဦးမှာပေါ့။

ကိုယ့်ရဲ့ စိတ်ကူး အိပ်မက်ကို ခရီး တစ်ခု သွားသလိုသဘောထားပြီး နေ့၊ လ၊ နှစ် ဒါမှ မဟုတ် တစ်ဘ၀လုံးစာ အတွက် အစီအစဉ် ဆွဲထားလိုက်ပါ။

ဒီအစီအစဉ်ကို အမြဲ မှတ်မိနေအောင် လည်း ခဏခဏ ဖတ်နေပါ။ ကိုယ့်ရဲ့ စိတ်ကူး အိပ်မက်အကောင်အထည် ဖော်နိုင်ဖို့ ဆွဲထားတဲ့ အစီအစဉ်ကို နှလုံးသားမှာ စွဲနေအောင် အပြန်ပြန် အလှန်အလှန် ချရေးကြည့်လိုက်ပါ။

နည်းလမ်း (၃)

အစီအစဉ်ထဲက အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် စ လုပ်ကြည့်ပါ

ကိုယ်တကယ်ကြုံတွေ့ရမယ့် အခက်အခဲကို တွေးပြီး ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်း တွေကို ကြိုတင်စဉ်းစားထားပါ။

တကယ်လို့ ကုန်ပစ္စည်းတစ်ခု ရောင်းချဖို့ စဉ်းစားထားရင် အဲဒီ ပစ္စည်းအကြောင် ခရေစေ့တွင်းကျ သိအောင် လေ့လာ ထားပါ။ ပြိုင်စံ မမီတဲ့ ကိုယ်ပိုင် ဒီဇိုင်းရှိအောင်လို့ ကျွမ်းကျင်သူတွေကိုတိုင်ပင်ပါ။ လက်လီ၊ လက်ကား ရောင်းနိုင်အောင် လုပ်ထားပါ။

ပထမ ခြေလှမ်းစ ချနိုင်ဖို့ အတွက် သက်ဆိုင်တဲ့ တခြား စီးပွားရေး တွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။

ကိုယ့်လုပ်မယ့် အလုပ်နဲ့ ပတ်သက်ပြီး နာလည်း တတ်ကျွမ်းဖို့ လိုသေးတယ်ဆိုရင် သင်တန်းတက်၊ စာအုပ်တွေငှားဖတ်၊ နားလည်တတ်ကျွမ်း သူတွေဆီမှာလည်း နည်းယူပါ။ ကိုယ့်ရဲ့ စိတ်ကူးတွေ ဘယ်လောက် အထိ ဖြစ်လာနိုင်တယ်ဆိုတာလည်း သိဖို့လိုတယ်နော်။

ဒီနေရာမှာ ရှေးခတ်စကားပုံ တစ်ခုကို သွားသတိရမိပါတယ်။ ပြင်ဆင်ကြိုးပမ်း နေချိန်အတွင်းမှာလည်း ဒီစကားပုံအတိုင်း သတိပေးနေရပါမယ်။

မကျရူံးအောင် ပြင်ဆင်နေတာလား၊ ရုံးနိမ့်ဖို့ ပြင်ဆင်မိလျှက်သား ဖြစ်နေတာလား ဆိုတာပါပဲ။အဲဒီ အတွက် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဆင်ကန်းတောတို့ ဇွတ်တိုးနေလို့ မရပါဘူး။ သေချာ စဉ်းစားပြီး ရုံးနိမ့် နိုင်တဲ့ အခြေအနေ မရှိအောင် စီစဉ်ထားဖို့လိုပါတယ်။

နည်းလမ်း (၄)

ကိုယ့်စိတ်ကူးဟာ စာရွက်ထဲတင် မဟုတ်တော့ဘဲ လက်တွေ့လုပ်ကြည့်လိုက်ပါ

· လုပ်ဆောင်တာ ကြာလာတာ နဲ့ အမျှ အသိအမြင် အသစ်တွေ၊ ဗဟုသုတ တွေ တိုးပွားလာမှာပါ၊ လိုအပ်တဲ့အခါဆရာတွေဆီသွားပြီး အကြံညဏ်တောင်း ယူဖို့လည်း မမေ့နဲ့နော်။ ဒီလိုနဲ့ပဲ ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်အောင် ဆက်လုပ်သွားရမှာပဲလေ။ တဖြည်းဖြည်းနဲ့ အလုပ်အကြောင်း နားလည်ပြီး ရင့်ကျက်လာပါလိမ့်မယ်တစ်ခါတလေ ကျတော့ လည်း လူတွေဟာ အမှားတွေကိုလုပ်လာမိပြီးထင်ပြီး သူတို့ရဲ့ဦးတည်ရာကို ပြောင်းလဲ ပစ်တတ်ပါတယ်။တစ်ခု အကြံပေးချင်တာက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို နေ့တိုင်း လုပ်နိုင်ရဲ့လား၊ အချိန်ကို သေချာ ခွဲဝေ တတ်ဖို့တော့ လိုတာပေါ့။ ဒါဆိုရင် ပျော်ပျော်ရွှင်ရွှင် နဲ့ အချိန်တွေကို ကုန်ဆုံး ရမှာပါပဲ။

· ကိုယ့်ရဲ့ အိပ်မက်တွေက ကိုယ်တစ်ခါ မှ မရောက်ဖူးတဲ့နေရာတွေဆီကိုတောင် ခေါ်ဆောင် သွားနိုင်ပါတယ်။ ဘ၀ တစ်လျှောက် မှာ တွေ့ကြုံ့ ခဲရတဲ့ လူတွေဆီကလည်း စိတ်ကူး ကောင်းကောင်းလေး တွေရတတ်ပါတယ်။ဒီစိတ်ကူး အိပ်မက်ရှည်ကြီး ဖော်ဆောင်နိုင်ဖို့ ရင်ထဲမှာ ကိန်းအောင်း နေရမယ့် အချက်တွေလည်း ရှိပါသေးတယ်။

· ဒီအလုပ်ကို ကိုယ်တစ်ယောက်တည်းပဲ လုပ်နိုင်တာကို မမေ့ပါနဲ့။ဘယ်သူမှ ကိုယ့်စိတ်ကူးကို ကိုယ်စားမလုပ်ပေးနိုင်ပါဘူး။ ကိုယ်ကိုယ့်ကို ပြန်မေးကြည့်လိုက်ပါဦး။ ကိုယ်မက်တဲ့ အိပ်မက်မျာ ကိုယ်က ဟီးရိုး မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

· ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့ လည်းလိုတယ်နော်။ ဟာသဓာတ်ခံရှိသူ ဖြစ်အောင်လုပ်ပြီး အချိန်တိုင်း ပြုံးနေနိုင်အောင်ကြိုးစားပါ။

· အကောင်မြင်သမား ဖြစ်အောင် ကြိုးစားပါ။

· မိတ်ဆွေသစ်တွေ တိုးပွားအောင် နေပါ။ ကိုယ့်ကို ထောက်ပံ့ အားပေးကူညီနေသူတွေနဲ့ ဆက်ဆံရေးခိုင်မြဲပါစေ။ ဒါမှ ကိုယ့်ရဲ့ ရည်မှန်းချက်ဖြစ်မြောက်အောင် မြင်မှာလေ။

· ကြုံတွေ့လာရမယ့် စိန်ခေါ်မူတွေကိုရင်ဆိုင်ဖြေရှင်းကြည့်လိုက်ပါ။ဒါတွေက ဘ၀မှာ ကြုံတွေ့နေရမှာပဲလေ။

ဒါပြီးရင်တော့ ဒီမှာ စိတ်ကူးအိပ်မက်ခရီးကို စတင်ထွက်ခွာဖို့ မှတ်ထားရမယ့် အချက်ကိုးချက်ကို ကြည့်ပါဦး

၁။ ဒီခရီးမှာ ကိုယ်တစ်ယောက်တည်းပဲ။ ကိုယ်ပိုင်စတိုင်၊ ကိုယ်နည်း ကိုယ့်ဟန်နဲ့ ကမ္ဘာက လက်ခံအောင် ကြိုးစားလိုက်ပါ။ ကိုယ့်ရဲ့ နာမည်မှတ်ကျောက်တင်သွားအောင် နည်းလမ်း သစ်တွေကို ဖော်ထုတ်လိုက်ပါ။

၂။ ယုံကြည်မူက အဓိက၊ ကြောက်ရွံ့မူတွေကို ဖယ်ရှားပြီး အရည်အချင်း၊ အိုင်ဒီယာ ကောင်းကောင်း တွေ ပွင့်လန်း လာပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင် စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာပါ။

၃၊ စိတ်ခံစားမူ ပြင်းထန်ဖို့ကလည်း အရေးကြီးဆုံးပါပဲ။ ဘယ်နေရာမှာ မဆို နှလုံးသားနဲ့ ခံစားပါ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ဘ၀နဲ့ အဓိပ္ပယ်၊ကြုံဆုံခဲ့ရတာတွေနဲ့ ကိုယ်ရဲ့ အောင်ပွဲတွေကိုပေါ့။

၎။ အဖွဲ့အစည်း၊ အပေါင်းအသင်း တွေနဲ့အတူတကွ လုပ်ဆောင်ပါ။ သူတို့ဆီက အကြံညဏ်၊ ခင်မင်မူ၊ တန်ဖိုးတွေက ကိုယ့်ကို အထောက်အကူပေးမှာပါ။

၅။ ဒီနေ့ပဲ စလုပ်ကြည့်လိုက်ပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့က နေ့တိုင်း အခွင့်အရေးက ရှိနေမှာပါ။ ဒီလိုပဲ အသစ်သစ်တွေ သင်ယူလေ့လာဖို့နဲ့ နေရာသစ်တွေလည်း ရောက်ဖို့ အခွင့်အရေး ကိုယ်စီ ရှိကြပါတယ်။

၆။ အားလုံးကို သိအောင် လေ့လာထားပါ။ အလုပ်သွားတဲ့အခါ ပုံမှန်သွားနေကျလမ်းမဟုတ်ဘဲ တခြား လမ်းက သွားကြည့်ပါ။အစားအစာ သစ်တွေကို လည်း မြည်းစမ်းကြည့်လိုက်ပါ။

၇။ အပြုံးပန်းတွေ ဆင်မြန်းထားပါ။ ရယ်မော မောနေသူဟာ ဘ၀မှာ ပျော်ရွှင်မူတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ကိုယ်ရဲ့အခန်း ၊ အလုပ်ခန်းကို နေရောင်ဝင်အောင် လုပ်ထားပါ။ လှပတဲ့ အပြုံးလေးတွေ ပြုံးပေးဖို့လည်း မမေ့နဲ့ နော်။

၈။ ဒီနေ့ဟာ နောက်ဆုံးနေ့လို့တွေးပါ။ နေရတဲ့အချိန်လေးကို တန်းဖိုးထားပါ။ညတိုင်း နောက်ကျမှ အိပ်ပြီး မနက်ကို ခပ်စောစေားလေထပေးပါ။ နေထွက်တာကိုလည်း စောင့်ကြည့်လိုက်ပါ။ ကိုယ်ပတ်ဝန်းကျင်က အလှအပ တရားတွေကိုလည်း ခံစားတတ်အောင်ကြိုးစားပါ။

၉။ စိတ်ကူးတွေ ဖြစ်လာအောင်လုပ်ပါ။ ရည်မှန်းချက်ကြီးကြီးမားမားထား၊ ရည်ရွယ်တာကို ဖြစ်အောင်လုပ်တတ်တဲ့ အကျင့်ကို ကျင့်ပေးပါ။ ကိုယ့်စိတ်ကူး အိပ်မက်ခရီးမှာ ကိုယ်က ခရီးသည်မဟုတ်ဘူးနော်။ ခရီးစဉ်တစ်လျှောက်လုံးကို ဦးစီးဦးဆောင် ပြုသွားရမယ့်သူလေ။ကိုယ်က အုပ်ချုပ်သူဆိုရင်တော့ ကွေ့ပတ်ပြီး သွားရမယ့် နေရာတွေ၊ လမ်းပျောက်သွားရင်၊ ဦးတည်ချက် ပြောင်းလဲသွားရင် စတဲ့ အချက်တွေကို စီမံ ခန့်ခွဲနိုင်ရမှာနော်။ အရေးကြီးဆုံးကတော့ ကိုယ်ဟာ ဘယ်လို အခက်အခဲ နဲပဲ ကြုံရကြုံရ ဒီခရီးကို ဆက်သွားနေဖို့ပါပဲ။

ကိုးကား။ ။ Now Magazine (Khin yee mon thant)

ဒီလိုမျိုး စာတွေ တင်နေလို့ ဆရာကြီးလုပ်တယ်လို့ မထင်လိုက်နဲ့နော်..ကျနော် ဟာ သာမန် အလုပ်ကြမ်း သမား တယောက်သာ ရှိပါသေးတယ်..ဘ၀ ကို တိုးတက်ခြင်းလို့  ကိုယ့်လို လူများကို အားတက်စေရန် တင်ပေးခြင်းတာဖြစ်ပါတယ်…

ငယ်စဉ်က ၀ လုံးရေးတာကို မကြေခဲ့လို အခုမှ ၀ လုံးကို ၀ိုင်းအောင် ကြိုးစားရေးနေဆဲလူ တယောက်ပါ….

Saturday, January 9, 2010

ထာဝရ ကင်းလွှတ်ပါစေ

အေးမြတဲ့ ဆောင်း တညမှာ

ပျော်ရွှင်ခြင်း တခုနဲ့ ငါ နိုးထ လာတယ်….

ဘာဖြစ်မှန်း ကိုယ်သူကို မသိအောင်

ပျော်နေမိတယ်…

အင်း…

မုန်းတိုင်း မလာခင် လေပြေလို့

ပျော်ရွှင်နေတယ်..

ငါရဲ့ စိတ်တွေ လွတ်လပ်ပေါ့ပါးနေတာ

လဲမို့ တခုလို့ပဲ….

တမနက်ခင်းလုံး ပျော်ရွှင်ခြင်းတွေနဲ့ အတူ

ငါ လွင့်မျောနေတယ်…..

နေ့လည်ခင်း မှာ ဖုန်း တချက်မြည်တယ်….

အဲဒီ ဖုန်းသံမှာ မုန်းတိုင် တခု ပါလာတယ်

ငါ ဘာလုပ်ရမယ်မှန်း မသိဘူး….

ငါ ရဲ့ ကမ္ဘာကြီး တခြမ်း ပဲ့သွားတယ်…

ရင်ထဲမှာ ဗလာနတ္ထိ …..

ငါ့ ဦးနှောက်တွေ ထူပူသွားတယ်

ကံကြမ္မာရယ်…ဘာကြောင့် ငါကိုမှ ရက်စက်တာလဲလို့

ငါအော် မေးလိုက်ခြင်းတယ်…

ကံကောင်း ခြင်းကို ငါကိုယ်တိုင် ဖန်တီးသလို

ကံ ဆိုးခြင်းကိုလည်း ငါ လက်နဲ ထုဆစ်ရတာပဲ…

ငါ ဟာ ကိုယ်ဘာသာ ကံဆိုးခြင်းတွေနဲ

ထုဆစ်နေတဲ့..

နတ်ဆိုး ဘ၀ ကနေ

ဒီ ဘ၀ မှာ ထာဝရ ကင်းလွတ်ပါစေလို

ဆုတောင်းပါတယ်…

Tuesday, January 5, 2010

အရာရာမှာ အရေးကြီးတာ သဘောထားပါ


ဂျယ်ရီ သည် လူချစ်လူခင်များသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် အမြဲ စိတ်ကောင်းမွေးတတ်ပြီး အပြုသဘောဆောင် မြင်တတ်ပါသည်။ တစ်ယောက်ယောက်ကနေပြီး နေကောင်းလားလို့မေးရင် ဂျယ်ရီက “ကျွန်တော်ထက်ကောင်းသူတောင် ကျွန်တော့လောက် မကောင်းပါဘူး” ဟု အရွှန်းဖောက်၍ ပြန်ဖြေတတ်ပါသည်။

သူသည် ထူးခြားသော မန်နေဂျာ တစ်ဦးဖြစ်ပါသည်။ စားသောက်ဆိုင်တွေမှာဆိုရင် ဂျယ်ရီလာတိုင်း ဧည့်ကြိုတွေက ဂျယ်ရီ နောက်သို့ တကောက်ကောက် လိုက်တတ်ကြပါသည်။ ဂျယ်ရီနောက်သို့ ဧည့်ကြို ထိုသို့လိုက်နေသည်မှာ သူ၏ အကောင်းမြင်တတ်သော စိတ်နေသဘောထားကြောင့်ပင် ဖြစ်ပါသည်။ သူသည်တစ်ဖက်သား စိတ်အားတက်ကြွ လာအောင် ပင်ကိုအားဖြင့် လုပ်တတ်သူဖြစ်သည်။ အလုပ်သမားတစ်ဦးဦး အဆင်မပြေသော နေ့နှင့်ကြုံခဲ့လျှင် ဂျယ်ရီသည် ထိုအလုပ်သမားထံသွားပြီး ကြုံတွေ့နေသော အခြေအနေကို အကောင်းရူထောင့်က ဘယ်လိုကြည့်သင့်ကြောင့် ရှင်းပြရင်း ဖျောင်းဖျ ပေးတတ်ပါသည်။

ဂျယ်ရီဘ၀ကို ရူမြင်ရင်ဆိုင်သည့် ပုံစံမှာ ကျွန်တော်အတွက် အံသြစရာဖြစ်ပါသည်။ ထို့ကြောင့် တစ်နေ့တွင် ကျွန်တော်သည် ဂျယ်ရီထံသွားပြီး “ကျွန်တော်တော့် နားမလည်နိုင်ဘူးဗျာ။ လူတိုင်းအပေါ် အကောင်းမြင်နိုင်ဖို့မလွယ်ပါဘူး။ ခင်ဗျား ဘယ်လိုလုပ်မြင်အောင် ကြည့်ပါသလဲ” ဟု မေးပါသည်။

“ မနက်တိုင်း အိပ်ရာက နိုးတဲ့အခါ ကျွန်တော်ကိုယ် ကျွန်တော် မေးပါတယ်” ဂျယ်ရီ….ဒီနေ့အဖို့ မင်းမှာ ရွေးစရာ နှစ်ခုရှိတယ်။ စိတ်ကောင်းထားမလား၊ ဒါမှမဟုတ် စိတ်ပုပ်ထားမလား” လို့မေးပါသည်။ နှစ်ခုထဲက စိတ်ကောင်းထားဖို့ ကျွန်တော် ရွေးချင်ပါတယ်။ တစ်ခုခုဆိုးတာ ဖြစ်လာခဲ့ရင်လည်း အဆိုးနဲ့ကြုံတွေ့ရတဲ့ ဓားစာခံအဖြစ်ခံမလား ဒါမှ မဟုတ် ထိုအဆိုးထဲက သင်ခန်းစာ ဘာယူမလဲဆိုတာနှစ်ခု ထဲက တစ်ခုရွေးချယ်နိုင်ပါတယ်။ ကျွန်တော့်ဆီမှာ တစ်ယောက်ယောက်လာပြီး မကျေနပ်တာတွေ ပြောဆိုတဲ့အခါတိုင်းမှာလည်း သူတို့ မကျေမနပ် လာပြောတာကိုလက်ခံထားမလား၊ ဒါမှမဟုတ် အဲဒီအခြေအနေမှာ အကောင်းဘက်က ဘယ်လိုကြည့်နိုင်တယ်ဆိုတာ ရှင်းပြပေးမလား၊ အဲဒီနှစ်လမ်းထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ အပြုသဘောဆောင်ပြီး အကောင်းဘက်ကို ဘယ်လိုကြည့်ရတယ်ဆိုတာ ရှင်းပြတာကိုပဲ ကျွန်တော်ကတော့ ရွေးချယ်ပါတယ်” ဟု ဂျယ်ရီက ရှင်းပြပါသည်။

“အင်း ……..ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို သဘောထားနိုင်ဖို့ဆိုတာ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး” လို့ ကျွန်တော်က ငြင်းချက်ထုတ်ပါသည်။

“ ဟုတ်ပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဘ၀ဆိုတာတကယ်တော့ ရွေးချပ်စရာတွေပါပဲ။ ရှည်ရှည်ဝေးဝေး တွေဖြတ်လိုက်ရင် ကြုံတွေရတဲ့ အခြေအနေတိုင်းဟာ ရွေးချယ်စရာတစ်ခုသာဖြစ်ပါတယ်။ ကြုံတွေ့လာတဲ့အခြေနေတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ခင်ဗျာရွေးချယ် ပါတယ်။ ခင်ဗျားရဲ့ စိတ်နေသဘောထားအပေါ် လူတွေက ဘယ်လိုဖြစ်စေမလဲ ဆိုတာပေါ်မှာ မူတည်ပြီး ရွေးချယ်ပါတယ်။ စိတ်ကောင်းမွေးဖို့ သို့မဟုတ် စိတ်ပုပ်မွေးဖို့ တစ်ခုခု ကိုရွေးချယ်ပါတယ်။ အခြေခံအကျဆုံး ကတော့ ခင်ဗျာရဲ့ ရွေးချယ်မူပဲဖြစ်ပါတယ်။ ခင်ဗျာရဲ့ ရွေးချယ်မူအတိုင်း ခင်ဗျားရဲ့ ဘ၀ကို ရင်ဆိုင်ရပ်တည်နေတာပဲဖြစ်ပါတယ်” ဟု ဂျယ်ရီက ဆက်လက်ရှင်းပြပါသည်။

ဂျယ်ရီပြောပြသည်ကို ကျွန်တော် ပြန်လည်ဆင်ခြင် စဉ်းစားကြည့်မိပါသည်။ မကြာမီမှာပင် ကျွန်တော်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့အတွက်စားသောက်ဆိုင်အလုပ်ကို ကျောခိုင်းခဲ့ပါသည်။ ကျွန်တော်နှင့်ဂျယ်ရီအဆက်အသွယ်ပြတ်တောက်နေခဲ့ပါသည်။

သို့သော် ဘ၀တွင်ကြုံတွေ့ရသော အခြေအနေများကို ချက်ချင်း တုံပြန်ခြင်းမပြုဘဲ ဘယ်လိုရွေးချယ်သဘောထားရင် ကောင်းမလဲဟု ရွေးချယ်မူပြုမိတိုင်း ဂျယ်ရီကို သတိရမိပါသည်။

နှစ်အတော်ကြာသောအခါ ဂျယ်ရီသည် စားသောက်ဆိုင်လုပ်ငန်းတွက် သင် ဘယ်တော့မှ လုပ်မိမယ်ဟု မထင်သော ကိစ္စတစ်ခုကိုလုပ်မိပါသည်။ စားသောက်ဆိုင် နောက်ဖေးတံခါးကို ဖွင့်ထားမိရာ လက်နက်ကိုင် လူဆိုးသုံးဦးက ဂျယ်ရီကို သေနတ်ဖြင့် လာချိန်သည်ကို ခံရပါသည်။ မီးခံသေတ္တာတံခါးကိုဖွင့်ရန် ကြိုးစားနေစဉ် ကြောက်စိတ်ကြောင့်လက်တွေ တုန်နေပြီး မီးခံသေတ္တာတံခါးကိုဖွင့်မရဖြစ်နေပါသည်။ စိတ်တိုလာသော လူဆိုးများက ဂျယ်ရီအား သေနတ်ဖြင့် ပစ်ထည့်လိုက်ပါသည်။ ကံကောင်းထောက်မ စွာဖြင့်အချိန်မီ အတွင်းမှာပင် ဂျယ်ရီအား ဒေသန္တာ ဆေးရုံတစ်ခုသို့ အမြန်ပို့ဆောင်ပေးနိုင်ခဲ့ကြပါသည်။ ၁၈ နာရီကြာခွဲစိတ်ကုသမူ ခံရပြီး သီတင်းပတ်ပေါင်းများစွာကြာအောင် ဂရုတစိုက် ကုသမူ ခံယူပြီးနောက် ဂျယ်ရီဆေးရုံမှ ဆင်းရပါသည်။ ဆေးရုံက ဆင်းလာသည်အထိ ကျယ်ဆန် အစိတ်အပိုင်းအစများ ဂျယ်ရီ၏ ကိုယ်ခန္ဓာတွင် ရှိနေဆဲဖြစ်ပါသည်။

ထိုဖြစ်ရပ်ဖြစ်ပြီးနောက် ခြောက်လ ခန့်ကြာတွင် ကျွန်တော် ဂျယ်ရီကိုတွေ့ပါသည်။ ဘယ်လိုနေသလဲလို့ မေးသောအခါ ထုံးစံအတိုင်း “ ကျွန်တော်ထက်ပျော်တဲ့ လူတောင် ကျွန်တော်လောက် ပျော်မှာ မဟုတ်ဘူး ခင်ဗျား ကျွန်တော် ဒဏ်ရာအမာရွတ်တွေ ကြည့်မလား” ဟု ဂျယ်ရီက ပြုံးပြုံး ရွှင်ရွှင် ပြန်ဖြေပါသည်။ ကျွန်တော်က ဂျယ်ရီရထားသော ဒဏ်ရာအမာရွတ်တွေကို ငုံ့ကြည့်ပါသည်။ပြီးတော့ “ဓားပြအတိုက်ခံရတုန်းက ခင်ဗျာ စိတ်ထဲ ဘယ်လိုဖြစ်သလဲ” ဟု မေးကြည့်လိုက်ပါသည်။

“ငါ နောက်ဖေးတံခါးကို ပိတ်ခဲ့မိရင်ကောင်းမှာ” လို့ဆိုတဲ့အတွေးပထမ စိတ်ထဲဖြစ်လာပါတယ်။ သေနတ်မှန်ပြီး ကြမ်းပေါ် လဲနေတဲ့အခါမှာတော့ ကျွန်တော် ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ သေမလား၊ ရှင်မလား ဆိုတာပဲဖြစ်ပါတယ်။ ရှင်ဖို့ ကျွန်တော် ရွေးချယ်ခဲ့ပါတယ်” လို့ ဂျယ်ရီက သူစိတ်တွင်ဖြစ်ပေါ်သော ခံစားမူကို ရှင်းပြပါသည်။

ခင်ဗျာ မကြောက်ဘူးလား။ သတိကော လစ်မသွားဘူးလား ဟု ကျွန်တော် ဆက်မေးပါသည်။

ရှေးဦး လူနာပြုစုသူတွေဟာ တကယ်တော်ကြပါတယ်။ ကျွန်တော် သက်သာမှာပါ၊ ဘာမှ မစိုးရိမ်ပါနဲ့လို့ သူတို့က အားပေးစကား အမြဲပြောနေပါတယ်။ အရေးပေါ်ခွဲစိတ်ခန်းသို့ လူနာတင်လှည်းနဲ့ ကျွန်တော်ကိုတင်ပြီး ၀င်လာတဲ့အခါ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့မျက်နှာမှာ ပေါ်လွင်နေတာတွေ့တော် ကျွန်တော်ကြောက်လန့် စိုးရိမ်ခဲ့ပါတယ်။ သူတို့ရဲ့မျက်လုံးတွေထဲမှာ “သူဟာ သေပြီ” လို့ဆိုတဲ့ အဓိပ္ပယ်ကို ကျွန်တော် ရိပ်စားမိတယ်။ ဒါကြောင့် ကျွန်တော်ဘက်က တစ်ခုခုတော့ လုပ်ရမယ်ဆိုတာ ကျွန်တော် သိလိုက်တယ်” ဟု ဂျယ်ရီက ရှင်းပြပါသည်။

ခင်ဗျာ ဘယ်လိုလုပ်လိုက်လဲ” ဟု ကျွန်တော်က သိချင်ဇောဖြင့် မေးလိုက်ပါသည်။

“ ဟုတ်ကဲ့၊ ကျွန်တော့်ကို မေးခွန်တွေ အော်မေးနေတဲ့ သူနာပြုဆရာမကြီး ရှိပါတယ်။ ကျွန်တော်ကို ဘာဆေးတွေနဲ့ မတည့်ဘူးလဲလို့ မေးပါတယ်။ ဒီတော့ ကျွန်တော်က “ရှိပါတယ်” လို့ ပြန်ပြောလိုက်တော့ ဆရာဝန်နဲ့သူနာပြုတွေဟာ ကျွန်တော်ပြောမယ့် အဖြေကို ဆက်စောင့်နေကြပါတယ်။ အားယူရင်း အသက်ပြင်းပြင်းရူရင်း “ ကျည်ဆန်တွေ” လို့ကျွန်တော် အော်ပြောလိုက်ပါတယ်။ အားလုံးသဘောကျပြီး ၀ါခနဲ ရယ်ကြပါတယ်။ သူတို့ ရယ်မောသံတွေကြားကနေပြီး “ကျွန်တော်က အသက်ရှင်ဖို့ ရွေးချယ်ပါတယ်။ ကျွန်တော် မသေပါဘူး။ အသက်ရှင်တယ်လို့ ယူဆပြီး ကျွန်တော့်ကို ခွဲစိတ်ကုသ ပေးပါလို့ ပြောလိုက်ပါတယ်။

ထိုဆရာဝန်ကြီးများ၏ ကျွမ်းကျင်လိမ္မာမူ ကျေးဇူးကြောင့် ဂျယ်ရီ အသက်ချမ်းသာရာ ရခဲ့ပါသည်။ ဆရာဝန်ကြီးများ၏ ကျွမ်းကျင်မူကြောင့်သာမကပါ၊ သူ၏ အံသြလောက်အောင် အကောင်းမြင်နိုင်စွမ်းသော သဘောထား သတ္တိကြောင့်လည်း အသက်ချမ်းသာရာ ရလာခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဂျယ်ရီထံမှ သင်ခန်းစာတစ်ခုရခဲ့ပါသည်။ ဘ၀ကိုပြည့်ပြည့်၀၀ ရှင်သန်နေထိုင်ဖို့ အတွက် နေ့တိုင်း ရွေးချယ်စရာရှိသည်ဆိုသော သင်ခန်းစာ ကို ဂျယ်ရီ ထံမှ ရခဲ့ပါသည်။ အရာရာမှာ အရေးကြီးတာ သဘောထားပါ။

Francie Baltazar ~Schwartz ၏ Attitude is Everything ကိုဆီလျော်အောင် ဒေါက်တာ သိန်းလွင် က မြန်မာ ပြန်ဆိုပါသည်။

ဒေါက်တာ သိန်းလွင်

မှတ်ချက် ။ ။ ရှမ်းလေးသွေး ဆိုတဲ့ ကျနော်က တဆင့်ရိုးသားစွာ ပြန်လည်ဖော်ပြခြင်းပါ…ကျွန်တော် ဖတ်ရသလောက် မျှဝေတာပေါ့ဗျာ…ဒါပါပဲ…

Wednesday, December 30, 2009

လူသားနှင့် နှလုံးသား ပုံရိပ်များ

လူသား၏ နှလုံးသားသည်………

ခံစားတတ်ပါသည်။

အလွန် နက်နက်ရိုင်းရိုင်း

ခံစားတတ်ပါသည်။

နှလုံးသားကို သင်၏ လက်ဖြင့် ထိတွေ့ကိုင်တွယ်သောအခါ

ညင်ညင်သာသာ ရှိပါ……..

အလွန်ညင်သာပါ…….

ထိခိုက်နာကျင်သော စကားတစ်လုံး တစ်ပါဒမှ မဟပါနှင့်။

မလို မုန်းတီးသော အကြည့်မျိုးလည်း လုံးဝမကြည့်ပါနှင့်။

သင်၏ ရင်ထဲမှာ………

နွေးထွေးစွာ ပွေ့ပိုက်ထားပါ။

သူ၏ နွေးထွေးမူနှင့် နူးညံ့မူ သဘောကိုလည်း ထိတွေ့ခံစားပါ။

သူ၏ မျှော်လင့်ချက်များနှင့် ကြောက်ရွံ့

ထိတ်လန့်မူများကိုလည်း

ထိတွေ့ခံစားပါ………..

ယုယစွာ ထွေးပိုက်၍

ချစ်ပါ၊ မေတ္တာထားပါ…….။

လေးစားတန်ဖိုးထားပါ……….

ကျေးဇူးပြုပြီး တစ်စက်ကလေးမှ

ထိခိုက်နာကျင်မူ မဖြစ်ပါစေနှင့်။

နှလုံးသားသည် အမှန်နူးညံ့လှပါသည်…………

နှလုံးသားသည် အလွန်လည်း သိမ်မွေ့၍

ထိခိုက်နာကျင်တတ်ပါသည်။

လွယ်လွယ်နှင့်လည်း ကွဲကြေတတ်ပါသည်။

ထို့ကြောင့် နှလုံးသားကို သင်၏လက်ဖြင့်

ထိတွေ့ကိုင်တွယ်တော့မည်ဆိုပါလျှင်……………

အလေးအနက် သတိကြီးစွာထား၍

ကြင်ကြင်နာနာ ညင်ညင်သာသာ ကိုင်တွယ်ပါ။

အမှန်ကန်ဆုံးသော မေတ္တာရှေ့ထားလျက် မြတ်နိုးကြင်နာပါ။

သို့မဟုတ်ပါက

နှလုံးသားသည်……….

တုန်လူပ်ပြီး ကွဲကြေသွားနိုင်ပါသည်။


မှတ်ချက်။ ။ ဤဒီကဗျာကို နှစ်သစ်အတွက် ဒေါက်တာ သိန်းလွင် ၏ လူသားနှင့် နှလုံးသား ပုံရိပ်မှာ ကဗျာလေး ဖြစ်ပါသည်။ ကဗျာလေးက ကောင်းလို့ ပြီးတော့ လူသားများကို အကျိုးပြုမယ်ထင်လို့ မင်္ဂလာနှစ်သစ်မှာ....... အမှတ်တရ.... အနေဖြင်တင်လိုက်ခြင်းဖြစ်ပါတယ်

အားလုံး မင်္ဂလာ နှစ်သစ်မှာ ကျန်းမာ ချမ်းသာ ဘေးအန္တရာယ် အပေါင်း ကင်းဝေးပြီး လိုအင် ဆန္ဒများ ပြည့်ဝပါစေ………ဗျာ…….

Friday, December 25, 2009

လူသားနှင့် စိတ်ထား အထွေထွေ

ကျွန်တော်တို့ တစ်တွေသည် လူသားများ ဖြစ်ကြပါသည်။ သို့သော် လူသားဆိုတာ တိတိ ကျကျ ဘယ်လို သဘော လက္ခဏာရှိပါသလဲ။ ဒီမေးခွန်းကို သင့်ကိုယ်သင် မေးကြည့်ဖူးပါသလား။

ကျွန်တော်သည် လူသား တစ်ဦးဖြစ်ပါသည်။ သင်လည်း လူသား တစ်ဦး ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်လူသား တွေများစွာရှိကြပါသည်။ သန်းနှင့်ချီ၍ရှိပါသည်။ ကမ္ဘာ့ လူဦးရေမှာ သန်းပေါင်း ၅၀၀၀ ကျော်ပင်ရှိပါသည်။ သို့သော် လူသားဆိုတာ တိတိကျကျ ဘယ်လို ဘဘော လက္ခဏာ ရှိပါသလဲ။

ဤမေးခွန်းကို ဖြေကြည့်ဖို့ ဦးစွာ လူသားကိုလေ့လာကြည့်ရအောင်။ လူသားသည် ထိခိုက်နာကျင်တတ်သူ ဖြစ်သည်။ သူတွင် ခံစားချက်များလည် ရှိသည်။ လွယ်လွယ်နှင့်လည်း စိတ်ထိခိုက်တတ်ပါသည်။ ထို့ကြောင့် လူသားများနှင့်ဆက်ဆံရာတွင် ကျွန်တော် တို့သည် အထူး ဂရုစိုက်ရပါမည်။ လူများအတွက် စဉ်းစားပေးရပါမည်။ အလေးအနက်ထားရမည်။ ဂရုစိုက်ရမည်။ မေတ္တာ ထားရမည်။ ကိုယ်ချင်းစာ တရားနှင့် ကြင်ကြင်နာနာ ဆက်ဆံရမည်။

လူသားများနှင့် ဆက်ဆံရာတွင် စိတ်ထဲတွင်စွဲမှတ်ထားသင့်သော အချက်ရှိပါသည်။ “ဆက်ဆံနေရသူသည် လူသား တစ်ဦးဖြစ်သည်။ ငါကဲ့သို့ လူသားတစ်ဦးဖြစ်သည်။ သူ့တွင် ခံစားမူရှိသည်။ လွယ်လွယ်နှင့် စိတ်ထိခိုက်တတ်သည်။ သူ့ကို မထိခိုက်အောင် ငါ သတိထားရမည်။ ဆက်ဆံရာတွင် ညင်သာရမည်။ သူ၏ ခံစားမူများ၊ သူ၏ စိုးရိမ် ထိတ်လန့်မူများ၊ ကြောက်ရွံ့မူများ၊ မျှော်လင့်ချက်များ တို့ကို နားလည်အောင် ကြိုးစားရမည်။ ကြင်နာ ရမည်။ ဆက်ဆံနေရသူသည် ငါကဲ့သို့ ဒုက္ခကမ္ဘာလောကကြီးထဲတွင် ဒုက္ခတွေ့ကြုံခံစားနေရသော လူတစ်ဦးဖြစ်သည်။ မေတ္တာဓာတ် အအေးဓာတ်၊ ငြိမ်းချမ်းမူနှင့် ချမ်းမြေ့သာယာမူများကို ရှာနေသူဖြစ်သည်။ နားလည်မူ ရှိသော ပတ်ဝန်းကျင်ကို ရှာနေသူဖြစ်သည်။ အခြား လူများ၏ နားလည်မူကို ရှာကြံနေသူဖြစ်သည်” ဆိုသော အချက်ကို စိတ်ထဲတွင် စွဲမှတ်ထားရပါမည်။

သို့သော် အစဉ်အမြဲ စိတ်ကောင်းထားနိုင်ဖို့ အကြင်နာပွားနိုင်ဖို့ ကိုယ်ချင်းစာ တရား လက်ကိုင်ထားနိုင်ဖို့ နားလည် ခွင့်လွှတ်နိုင်ဖို့မှာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ လက်တွေ့မလွယ်ကူလှပါ။ အချိန်ပြည့်စိတ်ကောင်းမွေးသည့် လူကောင်း တစ်ဦးဖြစ်အောင် ကျင့်ကြံနေထိုင်ဖို့မှာ မလွယ်ပါ။ အခြား လူများအားနားလည်းရန် စိတ်ရှည်ရှည် ထား၍ ကြိုးစားနေရင်းမှာပင် သည်းမခံနိုင်မူ၊ စိတ်ကသိကအောက်ဖြစ်မူ၊ စိတ်အခုအခံဖြစ်မူ၊ ဒေါသထွက်မူများ မကြာခဏဖြစ်တတ်ပါသည်။ ထိုအချိန်တွင် ကြင်ကြင်နာနာ ဆက်ဆံမည်ဟုဆုံဖြတ်ချက်များကို မေ့ကုန်တတ်ကြပါသည်။ လူအများနှင့် ထိတွေ့ဆက်ဆံရာတွင် ကြင်နာမည်။ နားလည် ခွင့်လွှတ်မည်၊ သည်းခံမည်၊ ကိုယ်ချင်းစာမည် ဟူသော စိတ်နေသဘောထားများ ဆုံဖြတ်ချက်များကိုမေ့ကုန်ပါတော့သည်။

တစ်ခါ တစ်ရံတွင် ကျွန်တော်တို့တစ်တွေသည် ကိုယ့် ကိစ္စ၊ ကိုယ့်ပြဿနာ၊ ကိုယ့်လုပ်ငန်းတွင်သာ နစ်မြောနေလွန်းသည့်အတွက် ကျွန်တော်တို့ ရှေ့တည့်တည့် ရောက်နေသူ လူ၊ မလွှဲမရှောင်သာ ဆက်ဆံရမည့် လူကိုပင် အာရုံစိုက်ဖို့ မေ့နေတတ်ကြပါသည်။ ကျွန်တော်တို့၏ စိတ်သည် ကိုယ့် ကိစ္စ ကိုယ့်ပြဿနာ၊ ကိုယ့်လုပ်ငန်းမှာသာ နစ်မြှပ်စုပ်ဝင်နေပါသည်။ ထို့ကြောင့် အခြားလူများမေးသော မေးခွန်း၊ ပြောသော စကားကို ဂရုတစိုက် နားထောင်နိုင်စွမ်းမရှိတော့ပါ။ သူများ ပြောစကားကိုကောင်းစွာနာမထောင် နိုင်သည့်အတွက် သူတစ်ပါးကို ကူညီရာတွင် ငါလည်း နိုင်သလောက် ထိထိရောက်ရောက် မကူညီနိုင်တော့ပါ။ ကျွန်တော်တို့သည် လက်ကုန်ဆန့်၍ မကူညီနိုင်တော့ပါ။ အကူအညီလိုအပ်နေသူ၏ နှလုံးအေးချမ်း ပြည့်ဝသည်အထိ အကူအညီမပေးနိုင်တော့ပါ။

ထို့ကြောင့် လူသားတို့သည် အစဉ်သဖြင့် ကြင်ကြင်နာနာ စိတ်ကောင်းမွေးဖို့ မှာ မလွယ်ကူသည်ကို ကောင်းစွာ နးလည် သဘောပေါက်နိုင်ပါသည်။ ကြင်ကြင်နာနာ ပြောဆို ဆက်ဆံမူနှင့် စိတ်ကောင်းမွေးနိုင်မူကို ကျွန်တော်တို့ကြိုစားလေ့ကျင့်ရပါမည်။ အကောင်းဆုံဖြစ်အောင် ကြိုစားရပါမည်။အစွမ်းကုန် ကြိုးစားအားထုတ်ရပါမည်။ လူအများအပေါ် ကြင်ကြင်နာနာ မဆက်ဆံနိုင်လျှင်သော်မှ လူအများအပေါ်ထိခိုက်နာကျင်မူ မဖြစ်အောင် ဆက်ဆံဖို့မှာ အနိမ့်ဆုံးသောလိုအပ်ချက်ဖြစ်ပါသည်။ ဘယ်လူသားတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်၊ မနာကျင်ဖို့ လိုအပ်ပါသည်။ အမှတ်မထင်မရည်ရွယ်ပဲ မတော်တဆ လူတစ်ဦးတစ်ယောက်အား ထိခိုက်နာကျင်မူ ဖြစ်စေခဲ့လျှင်လည်း လူသားဆန်ဆန် ၀မ်းနည်းပါတယ်။ ကျွန်တော့်ကို ခွှင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် အမြန်လိုသွားပါတယ်။ စသည်ဖြင့် မိမိ အမှားကို မိမိ ၀န်ချ တောင်ပန်းရပါမည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမှားများ၊ ချို့ယွင်ချက်များ၊ မပြည့်ဝမူများအတွက် ၀န်ချတောင်းပန်ရန် နူတ်မလေးသင့်ပါ။

ကျွန်တော်တို့ တစ်တွေသည် လူသားများ ဖြစ်ကြပါသည်။ လူသားများသည် ထူးဆန်းသော သတ္တ၀ါများ ဖြစ်ကြပါသည်။ နားလည်ရခက်သော သူများလည်း ဖြစ်ပါသည်။ အမှန်အကန်အကဲခတ်ရန် ခက်ခဲသူများလည်း ဖြစ်ပါသည်။ ကျွန်တော်သည် လူသားတစ်ဦးကိုနားလည်အောင် ကြိုးစားဖူပါသည်။ ကျွန်တော်သည် မိမိကိုယ်ကို နားလည်အောင်လည်းကြိုးစားဖူပါသည်။ အခြားလူများကိုလည်း နားလည်အောင်ကြိုးစားဖူပါသည်။ သို့သော် ကျွန်တော် နားမလည် ခဲ့ပါဘူး။ ခင်ဗျားတို့ကော လူတွေကို အပြည့်အ၀ နားလည်နိုင်ကြပါသလား။ လူတွေအကြောင်း နားလည်အောင် ကြိုးစားတိုင်း နာမလည်းနိုင်ဆုံးသော အချက်တစ်ချက်ကို တွေ့ပါသည်။ ထိုအချက်မှာ လူတွေ၏ ယာယီစိတ်ထားဖြစ်ပါသည်။ အလွန်အပြောင်းအလဲ မြန်တတ်ပါသည်။ အဖမ်းရ သိပ်ခက်လှပါသည်။ မသိတဲ့ တစ်နေရာကနေပြီး မမျှော်လင့်သော အချိန်မှာ ပေါ်ပေါက်လာတတ်ပါသည်။

ကျွန်တော့်ကို နမူနာအဖြစ် ယူကြည့်ပါ။ တစ်ခါ တစ်ရံတော့ ဟန်ကျပန်ကျ ကိုယ်စိတ်နှစ်ပါး ညီညွတ်ကောင်းမွန်နေပါသည်။ ထိုအချိန်မျိုးတွင် စိတ်ကောင်းမွေးနိုင်ပါသည်။ ပျော်ပျော်ရွှင်ရွှင်လည်း နေနိုင်ပါသည်။ လုပ်သော အလုပ်များတွင်လည်း စိတ်ဝင်စားမူ ကောင်းစွာရှိပါသည်။ စိတ်လက်ပေါ့ပါး သွက်လက်နေတတ်ပါသည်။သို့သော် တစ်ခါ တစ်ရံတွင် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ်အပေါက်အလမ်း မတည့်သည်ကို ကြုံရတတ်ပါသည်။ ထိုအခါမျိုးတွင် စိတ်မငြိမ်မသက်ဖြစ်တတ်ပါသည်။ ထိုင်ရမလို၊ ထရမလို၊ အတည်မရ ဖြစ်တတ်ပါသည်။ အသက်မရှိသလို ခံစားရပြီး ဘ၀သည် အဓိပ္ပယ်ကင်းမဲ့သလို ခံစားရတတ်ပါသည်။ ဘ၀ အနှစ်မဲ့သကဲ့သို့ ပေါ့ရွှတ်ရွှတ်၊ ပေါ့တန်တန်ဖြစ်နေတတ်ပါသည်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပါ။ ပျင်းရိနေတတ်ပါသည်။ စိတ်လွင့်နေတတ်ပါသည်။ ဘာကိုမှလည်း စိတ်မ၀င်းစားတေ့ပါ။ ကိုယ်ရောစိတ်ပါ အပျင်းတုံးကြီး ဖြစ်နေပါတော့သည်။ ဘာဆိုဘာမှ မလုပ်ချင်တော့ပဲ အိပ်ရာထက်တွင် လှဲလျက်သေလိုက်ရတာ ကောင်းမယ်ဟူသော စိတ်မျိုးပင် ၀င်လာတတ်ပါသည်။ အလွန် စိတ်ဓာတ်ကျပြီး စိတ်ပျက်အားငယ်ခြင်းမျိုးဖြစ်တတ်ပါသည်။ သို့သော် ဘာကြောင့်ထို့ကဲ့သို့ ဖြစ်ရသည်ကိုမူ ကျွန်တော် မသိပါ။ သင်လည်း ထိုကဲ့သို့ စိတ်ဓာတ်ကျပြီးဘာမှ မလုပ်ချင် မကိုင်ချင်သော အခြေအနေမျိုး ဖြစ်ဖူး၊ ကြုံဖူး၊ ခံစားဖူးပါသလား။

ဒေါက်တာ သိန်းလွင်

မှတ်ချက် ဤစာများကို ဒေါက်တာ သိန်းလွင် ၏ လူသားနှင့်နှလုံးသား ပုံရိပ်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ ကျွန်တော်လည်း စာဖတ်သူ အကျိုးရှိအောင် ထုတ်နုတ်ဖော်ပြခြင်းသာဖြစ်ပါသည်။ ဤစာ ထဲတွင်ပါသော ခံစားချက်များ အယူအဆများနှင့် အဖြစ်အပျက်များသည် ကျွန်တာ်၏ ခံစားချက်များ အယူအဆများနှင့် ကိုက်ညီ ထပ်တူ ကျနေသဖြင့် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ စာဖတ်သူများ ဖတ်ရကျိုးနပ်မည်ဟု ထင်မြင် ယူဆ မိပါသည်။

ရှမ်းလေးသွေး

Monday, December 21, 2009

အိမ်လွမ်းသူ

“………… သား….ထ တော့ မနက် ၅ နာရီထိုးပြီး ……….”
အသံကို ယနေ့ထက်တိုင် ပြန်တွေးတိုင်း ကြားယောက်နေဆဲပါ။ ကျွန်တော် မွေးနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အမေက မနက် ၄ နာရီ ထပြီးဘုရား ဆွမ်းတော်ချက်၊ ဆီးမီးပူဇော် ၊ ပန်းနှင့်ရေချမ်း ကပ် ဖို့ရန် မနက်စောစော ဆောင်းရာသီး အေးအေး ချမ်းချမ်း အချိန်တွင် အိပ်ရာမှ ထ ပြီး လုပ်ဆောင်နေသည်။
အမေ ကျွန်တော်ကိုနိုးပြီး ကျွန်တော် ဘုရား ရှိခိုး ပြီးတော့ အမေ အဆင်သင့် ပြင်ထားသော ထမင်း ကျော် ပူပူလေးကို ကော်ဖီမစ် နှင့် စားသောက်သည်။ မနက်လင်းတော့ အဖေ နှင့် အမေကို ကန်တော့ သည်။ ဒီလိုအချိန်တွေမှာတော့ အသင့်ပြင်ထားသော မနက်ခင်းစာကို စားဖို့ နေနေသာသာ မနက်ခင်းစားတောင် အချိန်လုပြီး ကြုံသလို ဖြစ်သလို လွေးနေရသည်။ အော် …အိမ် နဲများကွာပါ ဟု ပြန်တွေးတိုင်း လွမ်းမိသည်။
~~~~~~ကျွန်တော့်၏ မွေးနေ့ဆိုရင် အမေက ကျွနတော်လက်ကို တွဲပြီး စူဌမုနိ ဘုရားကို လိုက်ပို့သည်။ ဘုရားသည် ကျွန်တော် အိမ်နဲ့တော်တော် ဝေးသည်။ လမ်းတော်တော် လျှောက်ရသည် တောင်ကုန်းတွေကို ကျော်ဖြတ်ရသည်။ သို့ပေမယ့် အမေမှာ မမော…… ဒီသားမောင် ကုသိုလ် ရရေးအတွက် အပင်းပန်းခံကာ လိုက်ပို့သည်။ အပြန်တွင် ကျွန်တော် ကြိုက်သော မုန့်များကို ၀ယ်ကျွေးသည်။ ဒီနေ့ ဒီအချိန်မျိုးမှာ ဒါတွေဟာ မရနိုင်တော့ပြီး……၀မ်း တစ်ခု ထိန်းကျောင်းဖို့ရန် အဆင်ပြေရာ အရပ်သို့ ပျံသန်းနေရသည်။ အော်…….ဒီအချိန်ဆောင်းတွင်း ဆိုလျှင် တောင်ပေါ်မြေရှိ တောင်ပြာတန်းလည်း ချယ်ရီပန်းကြောင့် တစ်တောင်လုံး ရဲရဲနီနေပြီး …….တောင်ပေါ် ချယ်ရီသည်လည်း လွမ်းမော စရာ ကောင်းလှသည်။
~~~~~~မွေးနေ့တွင် အဖေက ကျွန်တော်ကို မှတ်မှတ်ရရ စက်ဘီးလက်ဆောင်ပေးဖူးသည်……ဒီနှစ် အဖေ အလုပ်ကိစ္စဖြင့် တိုက်ဆိုင် စွာ ဖုန်းဆက်တော့ ကျွန်တော်က အဖေ….ဒီနေ့ သားမွေးနေ့ ဟု ဂုဏ်ယူစွာ ပြောလိုက်သည်……အခါ “ သား ဘုရားသွားဖို့ မမေ့နဲ့အုံး ” မှာသည်။ ညနေ ရွှေတိဂုံဘုရားကိုသွားတော့ ကျွန်တော် ချစ်သော အဖေ အမေ သာမက ကျွန်တော် ချစ်သော ချစ်သူ အတွက်ပါ ဆုတောင်းဖြစ်ခဲ့သည်။နောက်ထပ် သတိရစရာ လွမ်းစရာ တစ်ခု ထပ်တိုးလာပြီးပေါ့……။ မွေးနေ့တွင် အိမ်ကို အရမ်းလွမ်းသည်။ဖြစ်နိုင်လျှင် အိမ်သို့ အပြေး ပြန်ပြီး အဖေနှင့်အမေကို ရှိခိုး ကန်တော့ လိုက်ခြင်းမိသည်….ကျွန်တော်မှာ မတတ်နိုင်၍ အားမလို့ အားမရ ဖြစ်ရုံမှ တစ်ပါး မည်သို့မှ မတတ်နိုင်ပြီး။
~~~~~~ဒီလို ဆောင်းတွင်းဆို တောင်ကြီးမြို့သည် အရမ်း ချမ်းအေးသော မြိုတစ်မြိုထဲတွင် ပါဝင်သည်။ ညဆိုရင် အသည်းခိုက်အောင် အေးသည်…..ရှိသမျှ ဆောင်တွေကို ပိုးတုံးလုံး အိမ်လို့ ရစ်ပတ်ပြီးအိပ်ရသည်..ခေါင်း ခြေထောက် ၊ လက် နေရာလွတ်တစ်ခု မကျန်အောင် ကလေးကို အနှီးထုပ်ထားသလို စောင်းခြုံပြီး ကွေးရသည်။ ကွေးလို့အရမ်း ကောင်းပါသည်။ ညဦးပိုင်းတွင် အရမ်း အေး၍ ညီအစ်ကို မောင်နှမ များ အပြင် မထွက်ကြ အိမ် အလည်တွင် မီးဖို ဖို၍ တီဗီ ထိုင်ကြည့်ကြသည်။ နေ့လည်ခင်းက အမေ အဆင်သင့် ၀ယ်ထားသော ခေါပုတ်ကို မီးကင်၍ နန့် ဖြင့် ထောင်းထားသော သကြားဖြင့် စားရသည်မှာ အရမ်း အရသာရှိသည်။ ဒီနေ့ ဒီအချိန် ဒီမြို့မှာတော့ စောင်ခြုံပြီး ကွေးရသော အရသာ ၊ ခေါပုတ်ကင် ၏ အရသာ များမရနိုင်တော့….အားလုံးသည်….လွမ်းမော စရာတစ်ခု အဖြစ်သို့ ကူးပြောင်းသွားပြီ။
~~~~အိမ်ကိုလွမ်းရာတွင် လူတိုင်း လွမ်းပိုင်ခွင့်ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းတွင် အိမ်ရှိပါသည်။ ကိုယ့်ရဲ့ အိမ် မဟုတ်ပဲ တက်အိပ်လို့မှ မရပဲ …အရိုက်ခံရမှာပေါ့….ဟုတ်ဖူးလား…။ လူတိုင်းတွင် ရှိသော အိမ်သည်လည်း သူ၏ အရိပ် အာဝါသ အောက်တွင် နေထိုင်သော လူတိုင်းးကို အကာအကွယ်ပေးသည်။ နွေးထွေးမူ လုံခြုံမူ လေဒဏ် မိုးဒဏ်ကို သူတတ်နိုင်သလောက် အကာအကွယ်ပေးသည်။ သက်မဲ့ တစ်ခု ဖြစ်ပေမယ့် လူသားကို များစွာ အကျိုးပြုသည်။ အိမ်သည် လူတိုင်းအတွက် နေစရာပေးသည် ၊ သိမ်းဆည်စရာ ပေးသည်။ ချမ်းသာသော လူများအတွက် ဂုဏ်ဒြပ် တစ်ခုကိုပေးသည်။ ဆင်းရဲသော လူများအတွက် နွေးထွေးလုံခြုံမူ ပေးသည်။ ဆင်းရဲ၍ လမ်းဘေးမှာ တဲထိုး၍ နေပေမယ့် ကိုယ်ထင်ရင် ကုတင် ရွှေနန်း တစ်ခုပင်ဖြစ်သည်။ ဆင်းရဲ၍ တဲထိုး၍ နေပေမယ့် အိမ်သည် သူအတွက် ရွှေနန်းတော် တစ်ခုပင်ဖြစ်သည်။ ဆင်းရဲ၍ တဲထိုး၍ နေပေမယ့် အိမ်သည် သူအတွက် လွမ်းမောစရာ တစ်ခု မဟုတ်ဟု မပြောနိုင်…... တနေ့ သူ ချမ်းသာသော အချိန်တွင် သူ၏ တဲအိုလေးသည် သူ့အတွက် လွမ်းမော စရာ တစ်ခုပင်ဖြစ်သည်။
~~~~~~အိမ်နဲ့ ပတ်သက်၍ မြန်မာလူမျိုးများသည် အစွဲအလမ်း ကြီးသည်ဟု ကျွန်တော်ယူဆ မိသည်။ ကိုယ်၏ မိန်းမ ခေါင်းချရာနေရာ ၊ ကိုယ်၏ ခင်ပွန်းခေါင်းချရာနေရာ ၊ မိဘ ဘိုးဘွား များခေါင်းချရာ နေရာ…ဟူ၍ တသက်လုံးအဲဒီ အိမ်လေးတွင် နေထိုင်သွားသူ အများအပြားကိုကြားဖူး မြင်ဖူး တွေ့ဖူးသည်။ အိမ်သည် သူ့အတွက် အမှတ်ရစရာ နေရာတစ်ခု၊သက်သေပြုရာ၊လွမ်းမောစရာတစ်ခုပင် ဖြစ်သည်။ အချို့မှာ ဆင်းရဲ၍ ချမ်းသာ သွားလျှင်တောင်မှ သူတို့ နေထိုင်ခဲ့သော အိမ်ကို မရောင်းကြ ဒီအတိုင်းထား၍ သူတို့ လွမ်းသောအခါတွင် သွားရောက် အလွမ်းဖြေကြသည်။
~~~~~~အိမ်ဆိုသော ဝေါဟာရသည် မြန်မာ အသုံးအနူန်းတွင် စကားလုံး တစ်လုံးတည်းဖြင့် ရပ်တည်နိုင်သော်လည်း ….English တွင်တော့ အိမ်ကို နှစ်မျိုးခွဲထားသည်။ house နဲ့ home ပေါ့ဗျာ…….သိပြီးသား ဖြစ်မည်လို့ထင်ပါသည် ……..home ဆိုသော စကားလုံးကိုတော့ sweet home လို့တင်စားကြပါသည်….ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း မိမိ အိမ်မှုာ ပျော်ကြလို့ နွေးထွေးကြလို့….စိတ်ချမ်းသာ ကြလို့ …..အဖေ ၊ အမေ ၊ ဖိုးဖွား ညီအကို မောင်နှမ တို့နဲ့ အတူပျော်ရွှင်စွာနေထိုင်ရလို့ sweet home လို့ တင်စားခေါ် ဝေါ်ခြင်း ဖြစ်ပါသည်။ House ဆိုတဲ့ စကားလုံးကိုတော့ အခုလို့ ကျနော် တို့ အဝေးမှာ နေထိုင်းရင်း မိသားစု အသိုင်းအ၀ိုင်း မရှိပဲ……..တယောက်တည်း တကောင်ကြွက် တမျက်နှာ နေထိုင်ရင်း ရုန်းကန်ရင်း…… အောင်မြင်ရင်း …….ကျရူုံးရင်း ……….နဲ့ အထီးကျန်စွာ နေထိုင်လို့ house လို့ ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ house ဆိုတဲ့ နေရာမှာ နေထိုင်ရင်းနဲ့ လူတိုင်း home ကို လွမ်းဆွတ် သတိရတာ ဖြစ်မြဲ ဓမ္မတာပါ……house ဆိုတဲ့ အိမ်မှာနေထိုင်တဲ့ အခါမှ home ရဲ့ အရသာကို သိပါတယ်…..home ရဲ့တန်းဖို့ သိကြပါသည်။
အိမ်ဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူမွဲဖြစ်စေ ၊ လူချမ်းသာ ဖြစ်စေ ၊ သူတောင်းစားဖြစ်စေ လူတိုင်း အဝေးရောက်ရင် အိမ်ကို ပြန်ခြင်းကြတယ် လွမ်းဆွတ်ကြပါတယ်…..နောက်ပြီး သူတို့မှာ လွမ်းပိုင်ခွင့် အပြည့်အ၀ ရှိကြပါတယ်……….ဒီလိုမျိုး အလွမ်းတွေဟာ ဖြူစင်ပြီး ရိုးသားတဲ့ မောဟ အလွမ်းဖြစ်ပြီး အဝေးရောက်လူများအတွက် ညတိုင်း မဖိတ်ခေါ်ပဲ ရောက်လာတဲ့……..အိမ်မက်တစ်ခုပါ………။
~~~~~~ကျွန်တော် အိမ်ဟာ ကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနားတစ်ခု မဟုတ်ပါပေမယ့်…..sweet home လို့ ခေါ် လို့ရအောင် အဖေ၊ အမေ ၊ ညီအကို မောင်နှမတွေနဲ့ စုစုရုံးရုံး ပျော်ရွှင်ခဲ့တာတွေကို လွမ်းဆွတ်တိုင်း အိမ်ကို ပြေးပြန်ချင်စိတ် ပေါက်မိပါတယ်…..ကျနော်တယောက်မှ မဟုတ်ပါဘူး….လူတိုင်းဟာ လည်း ကျနော်နဲ့ ခံစားချက်ခြင်း တူမယ်လို့ ယူဆမိပါတယ်။
~~~~ကျွန်တော် စာကို ဖတ်နေရတာ နည်းနည်းတော့ ပျင်းလာမှာပေါ့ စာက ရှည်နေတာကို အဲဒီတော့ လာဖတ်တဲ့ သူငယ်ချင်းတွေကို အကျိုးရှိတာလေး တခုလောက် ပေးမှာ ကောင်းမှာပေါ့….ဟုတ်တယ်မလား…အိမ်ကို လွမ်းတဲ့လူတိုင်း အတွက် ကျွန်တော် အိမ်ကို လွမ်းတိုင်း ပြုလုပ်နေကြ တစ်ခုကို ဖွင့်ချ ပြခြင်းတယ်……အဲဒီတစ်ခု ကတော့ သီချင်း နာထောင်ခြင်းပါ။ မိမိရဲ့ စိတ်ကို ဖျော်ဖြောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်…အိမ်လွမ်း သီချင်းဆိုရင် ပထမ ဆုံး နားထဲမှာ ကြားယောင်တာကတော့ ကိုဝိုင်ဝိုင်းရဲ့ သီချင်းတစ်ပုဒ်ပါ…
~~~~~~~~~…….ကြေကွဲရင်းနဲ့ ငိုရိုက်ခဲ့ ညတွေ…….~~~~~~~~
~~~~~~~~~~.………ဘယ်လို မေ့နိုင်မလဲ…..~~~~~~~~~~~~
~~~~~~~~……….အိမ်မပျော်တဲ့ ညတိုင်း အတွေးများနှင့်…….~~~~~~~~
~~~~~~~~…………. ငါ အိမ်ကို လွမ်းနေသူ……~~~~~~~~~~~~~~

ဒီသီချင်း စာသားတွေဟာ အရမ်း ကျစ်လစ်ပြီး ပြောင်မြောက်သလို …နားထောင် သူတိုင်း …အိမ်ကို တခါတည်း လွမ်းမိစေတဲ့ သီချင်း တစ်ပုဒ်ပါ…နောက်သီးချင် တစ်ပုဒ် ရှိပါသေးတယ်…ကွယ်လွန်သွားပြီး ဖြစ်သော ကိုထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ပါ…
~~~~~~~~~~~~……….ရိုးသားတဲ့ အမေ အိမ် လေးနဲ့ဝေးခဲ့ပြီးမို့ ……….
~~~~~~~~~~……….အိုး…..ဟို…..တခါခါ မြင်ယောက်ရင်……….
~~~~~~~~~~~~……….ကျွန်တော်အလိုလို ငိုချင်တယ်……….
~~~~~~~~~~……….အိမ်ပြန်ချင်တယ်……….
~~~~~~~~~~~~……….ဟူး…ဟူး…နွေးထွေးဆုံး အမေ့အိမ်……….

ဒီသီချင်းတွေကို နားထောင်ကြည့်လိုက်ပါ…အလွမ်းနည်းနည်းတော့ ပြေသွားမယ်ထင်တယ်…တခါတည်း အိမ်ကို ပြေးပြန်ချင်စိတ် ပေါက်သွားရင်တော့ တာဝန်မယူဘူးပေါ့ဗျာ…..ဟဲ…ဟဲ……နောက်တာပါ….လူတိုင်း အရွယ်ရောက်လာပြီးဆိုတာနဲ့ အလုပ်ဆိုတဲ့ တာဝန်တွေကို ဖက်တွယ်ရင် အိမ်ကိုစိတ်ရောက်ပေးမယ့် လူတော့ ဘယ်ရောက်နိုင်မလဲ…တာဝန်တွေက ရှိနေသေးတာကို…. ပြန်ချင်ပေးမယ်လည်း……. အကြောင်းအမျိုးမျိုး ပြန်နိုင်ကျမယ်မထင်ပါဘူး။
~~~~~~~~~~ကဲ့ဗျာ………ကျွန်တော်ကတော့ အိမ်လွမ်းသူများအတွက် အိမ်အလွမ်း သီချင်းတွေကို အစပျိုးခဲ့ပြီးဗျာ။ အကယ်၍ …ကျွန်တော်စာ တွေကို ဖတ်ပြီး အိမ်ကို လွမ်းပြီး မပြန်နိုင်တဲ့ လူများအတွက် ကျန်တဲ့ စာသားများကို အခန်းထဲမှာ …အကယ်၍ ဂစ်တာ ရှိလျှင် ဂစ်တာ ဖြင့် စိတ်ရှိလက်ရှိ အော်ဟစ် ပေါက်ကွဲလိုက်ပါ……သူငယ်ချင်းတို့မှာ ရှိနေတဲ့ အိမ်အလွမ်း ဒီဂရီ ၅၀% လောက်ပြေပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်…
~~~~~~~~{ စိတ်ရှိ လက်ရှိ ……အားရပါးရ….အသံကုန်ဟစ်ပြီး..လိမ်ခေါင်းပါ ထွက်အောင် အော်ဆိုလိုက်ပါ……သေချာတယ်…သက်သာ သွားမှာပါ…သူငယ်ချင်း }
မှတ်ချက် ။ ။ zox က အိမ်လွမ်းသူဆိုပြီး tag ထားလို့ ရေးလိုက်တာ ခင်ညှာ…အိမ်လွမ်းသူ ကိုရေးခြင်းနေတာ ကြာပါပြီ…… အစက essay ကော ကဗျာကော ရေးမလို့ပဲ….နောက်မှ essay ပဲ ရေးဖြစ်တယ်….
နဂိုကတည်းက အိမ်လွမ်းတတ်သူကို zox က ဒုတ်နဲ့လာထိုးတော့် ပိုပြီးရေးချင်စိတ်ပေါက်သွားတယ်…..ရေးရင် ရေးရင် များသွားတယ် ဒါတောင် လျှော့ပြီးရေးထားတာ …စိတ်ရှိလက်ရှိ ရေးလိုက်ရင် နောက် ထပ် အများကြီး ထပ်ရအုံးမှာဗျာ…..zox ကို ကျေးဇူးတင်ပါတယ်။
!!!!!!!Zox ရေ………… နောက်တစ်ခါ ဒုတ်နဲ့လာမထိုးနဲ့…..လှံနဲ့သာ လာထိုးလိုက် တခါတည်း ကိစ္စ ပြတ်သွားအောင်လို့ .......!!!!!!@@

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Friday, December 18, 2009

အချစ်ဆုံး "မ"


                              အချစ်ဆုံး

 

"မ" နဲ့ ဝေးနေရအောင်

ဘယ်နတ်ဘုရားက

စစ်ဆေးနေတာလဲ……….?

ခွဲခွာခြင်း ………ဝေးကွာခြင်း

ဆိုတာတွေကို အိပ်မက် ထဲအထိပါ

မရှိစေရအောင်

အရည်ဖျော်ပြီး

သောက်ပစ်လိုက်ချင်တယ်……………

 ချစ် နဲ့ ဝေးတဲ့အချိန်မှာ

သတိရခြင်း မှတ်တမ်းတစ်ခု

မောင် ပြုစုထားတယ်……

ဖတ်ခြင်း ယူဖတ်လေ

အလွမ်းတွေ ကူးစက်သွားရင်

တာဝန် မယူဘူးနော်…………….။ 


Tuesday, December 8, 2009

ဒဿဂီရိ လက်သစ်


အလွမ်းတွေနဲ့

အိပ်ရာ ၀င်ခဲ့တယ်

အချစ်က ငါကို လာမနိုးဘူး……..

ငါ့အတွက် ဝေဒနာဟာ

နင့်အတွက် ရယ်စရာ ဖြစ်ခဲ့တယ်

ငါအတွက် ထာဝရဟာ

နင့်အတွက် တဒင်္ဂဖြစ်ခဲ့တယ်…….

သံယောဇဉ်ရေကို လောင်းပြီး

အချစ်သစ်ပင် စိုက်ခဲ့ပေမယ်

ဥပေက္ခာသီးတွေ သီးခဲ့တော့

ငါတကယ် ရင်နာတယ်…….

အက်ကွဲနေတဲ့အလွမ်းတွေကို

အစိမ်းချုပ်ဖို့

မေ့ဆေး မလိုပါဘူး

မင်းရဲ့ အကြည်တစ်ချက်နဲ့တင်

လုံလောက်ပါပြီ………..

အချစ်ဆိုတာ

တစ်ဘ၀လုံး ရုံးနိမ့်မယ်လို့

ကြိုသိရင်တောင်

နောင်တ မရတဲ့ နှလုံးသားနဲ့

မိုက်မဲစွာ စီးဆင်းနေမယ့် မြစ်ပါ…………

အခုတော့

အချစ်နဲ့……………စ

အလွမ်းနဲ့……ဆုံး

ဒါ…….

အရုံးသမားရဲ့ နိဂုံးတဲ့လား……..?

ကိုးကား။ ။သိင်္ဂီနွယ် ၊ သတိုးနွယ်

သံယောဇဉ် နိဒါန်း